We value what you value most - For your reliance, CB Bank
CB BANK (Head Office)

No.334/336 Corner of 23 Street and Strand Road, Latha Township, Yangon, Myanmar.

Tel:  (95-1) 371848, 372646, 372655,
                   373425, 373426 

Fax: (95-1) 371851, 377027, 389594

E-mail: contact@cbbankmm.com

Local Time
Policy on Corporate Governance of CB Bank

သမ၀ါယမဘဏ်လီမိတက် (Plc) သည် စည်းမျဉ်းစည်းကမ်းများနှင့် ဘဏ်စီမံခန့်ခွဲမှုများကို ကြီးကြပ်လမ်းညွှန်နိုင်ရန် Governance Policy ကို လိုက်နာဆောင်ရွက်ပါသည်။

လုပ်ငန်းလုပ်ကိုင်ပုံစနစ် ခေတ်မီနည်းပညာများနှင့် အရည်အချင်းပြည့်မီစွာ နိုင်ငံတကာစံချိန်မီ ဘဏ်တစ်ခုအဖြစ် တည်ဆောက်သွားရန် ရည်ရွယ်ပါသည်။

သမ၀ါယမဘဏ်လီမိတက် တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ၏ စွမ်းရည်တိုးတက်မှုနှင့် မျှတစေခြင်း သည် အရေးပါသော စီမံခန့်ခွဲမှုတစ်ရပ်ဖြစ်ပါသည်။

ဘဏ်၏ Risk Management ကို အခြေခံစဉ်းစားပြီး ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေနှင့် ညီညွတ်သော စည်းမျဉ်းစည်းကမ်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် Compliance အဖွဲ့၏အကြံပြုချက်များကို တင်ပြစေပါသည်။

ယင်းကို အထောက်အကူပြုစေရန် ဤအခြေခံမူဝါဒများကို သတ်မှတ်ဆောင်ရွက်ထားရှိပါသည်။

(၁) Shareholders များ၏ အခွင့်အရေးနှင့် အခြားပါဝင်သူများနှင့် သက်ဆိုင်သော အခွင့်အရေးများ

Shareholders များ၏ တရားမျှတသော အခွင့်အရေးများနှင့် အခြားပါဝင်သူများ (ဥပမာ- Employees, Suppliers, Community, Competitors, Creditors etc.) များ၏ အခွင့်အရေး၊ ခံစားခွင့်များသည် နှစ်ဦးနှစ်ဘက်သဘောတူညီမှုကို အကာအကွယ်ပေးပြီး ပြည့်ဝစွာရှိနေရမည်ကို ဘဏ်မှသိရှိနားလည်ပြီးဖြစ်သည်။ တိုင်းပြည်၏စီးပွားရေးနှင့် လူမှုရေး ပတ်ဝန်းကျင် အနေအထားအရ လက်ခံနိုင်သော တာဝန်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ်ကိုတိုးတက်အောင် ဆောင်ရွက် နိုင်ရန်မှာ Shareholders များနှင့် Stakeholders များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးနွေးထွေးမှုသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းသဘောပေါက်နားလည်ထားပြီး ဖြစ်ပါသည်။

- ဘဏ်အနေဖြင့် Shareholders များကို ဥပဒေများ၊ သဘောတူညီမှုများနှင့် အညီ ညီညွတ်မျှတစွာ ဆက်ဆံပြီး Corporate Governance ၏ လမ်းညွှန်မှုများ၊ ကူညီစောင့်ရှောက်မှုများအတိုင်း ညီမျှစွာဆက်ဆံသွားပါမည်။

- ဘဏ်အနေဖြင့် ကူညီစောင့်ရှောက်မှု အဖွဲ့အစည်းများအတွင်း ရင်းနှီးနွေးထွေးစွာပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

- Customer များကို မိမိ၏ စီးပွားဘက်များအဖြစ် သဘောထားသတ်မှတ်ကာ နှစ်ဦးနှစ်ဘက်အကျိုးညီမျှစွာ ဖြစ်စေရန် ကြိုးစားဆက်ဆံသွားရန် လိုအပ်ပါသည်။

- ဘဏ်အနေဖြင့် ရိုးသားမှု၊ သိက္ခာရှိမှုတို့နှင့်အတူ Stakeholders များကို ဆက်ဆံသွားရန်နှင့် Stakeholders များနှင့် ဘဏ်အကြားအပြန်အလှန် ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် Stakeholders များ၏ အဆင်ပြေမှုကိုလည်း အထောက်အပံ့ပြုရန် ရည်ရွယ်ပါသည်။

- ဘဏ်အနေဖြင့် ဒါရိုက်တာများ၏ အကျိုးအမြတ်များထိခိုက်စေခြင်း (သို့) ဥပဒေနှင့်မညီညွတ်မှုများကြောင့် အကျိုး အမြတ်ထိခိုက်စေခြင်းမရှိစေရန် ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပါသည်။

- ဘဏ်အနေဖြင့် အစိုးရမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ ဖြစ်လာနိုင်သော အကြပ်အတည်းများကို ကြိုတင်သိမြင် စီမံခန့်ခွဲနိုင်ရန်အတွက် ပြင်ဆင်ထားရန်လိုအပ်ပါသည်။

(၂) သတင်းအချက်အလက်များ ဖြန့်ဝေခြင်း/ ထုတ်ပြန်ခြင်း

ဘဏ်၏ သတင်းအချက်အလက်များသည် Shareholders များ (သို့) ရင်းနှီးမြှုပ်နှံသူများ၏ ဆုံးဖြတ်ချက်များ အတွက် အရေးကြီးသည်ကို သိရှိပြီးအချိန်နှင့် တပြေးညီထုတ်ပြန်ကြော်ငြာအသိပေးလျှက်ရှိပါသည်။

ဘဏ်အနေဖြင့် စာရင်းများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ Financial Report များကို ပြင်ဆင်ပြီး စာရင်းစစ် စံသတ်မှတ်ချက် များနှင့်အညီ ပြင်ပစာရင်းစစ်များမှ ထင်မြင်ယူဆချက်များကိုလည်း အသိပေးတင်ပြပေးနေပါသည်။

(၃) Board of Director များ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ

BOD အဖွဲ့သည် ဘဏ်အနေဖြင့် ဥပဒေများ၊ BOD ချမှတ်ထားသော ရည်ရွယ်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် ဆုံးဖြတ်ချက်များနှင့်အညီ ဆောင်ရွက်မှုရှိ/မရှိ စောင့်ကြည့် ကြီးကြပ်လျက်ရှိပါသည်။

ဘဏ်လုပ်ငန်းစီမံခန့်ခွဲမှုအတွက် BOD တွင် Executive Directors များ၊ Non- Executive Directors, Independent Directors များကို ညီတူညီမျှ တာဝန် ခွဲဝေသတ်မှတ်ထားပြီးဖြစ်သည်။

- BOD များကို နောက်ခံပညာရေး၊ ဆောင်ရွက်နိုင်မှုစွမ်းရည်ပေါ်မူတည်၍ ၄င်းတို့၏ ခေါင်းဆောင်မှုအခန်းကဏ္ဍကို သတ်မှတ်ဆောင်ရွက်စေသည်။ BOD အရေအတွက်ကို လုပ်ငန်းပြောင်းလဲမှု အခြေအနေလိုအပ်သလို ညှိုနှိုင်း ဖွဲ့စည်းသည်။

- BOD သည် ဘဏ်၏မူဝါဒများကို အထောက်အကူပြုသော တာဝန်ဝတ္တရားများကို ဆောင်ရွက်ရပြီး လုပ်ငန်းအတွက် လိုအပ်သလိုလမ်းညွှန်စီမံခန့်ခွဲခြင်းနှင့် ဘဏ်၏တန်ဖိုးတိုးတက်စေရန် တာဝန်ယူဆောင်ရွက်ကြရသည်။

- BOD အစည်းအဝေးကို ပုံမှန် (1)လ တစ်ကြိမ် ပြုလုပ်လေ့ရှိပြီး လိုအပ်ပါကလည်း သီးခြားအစည်းအဝေးများလည်း ပြုလုပ်သည်။

- BOD အစည်းအဝေးတွင် ဒါရိုက်တာအားလုံးသည် လွတ်လပ်စွာဆွေးနွေးအသိပေးဆုံးဖြတ်ကြသည်။

- BOD သည် BOD အနေဖြင့်လည်း အသေးစိတ်စောင့်ကြည့်စစ်ဆေးနိုင်ရန်အတွက် Board of Executive Directors, Audit Committee, Risk Management Committee များ ဖွဲ့စည်း၍ စောင့်ကြည့်ဆောင်ရွက်သည်။

- ဘဏ်အနေဖြင့် ဘဏ်၏ ဒါရိုက်တာများ၏ ၄င်းတို့ပိုင်ဆိုင်သော အခြားကုမ္ပဏီများ ဆောင်ရွက်မှုအနေအထားကို လည်း ဘဏ်၏လိုအပ်ချက်အရ ကန့်သတ်ဆောင်ရွက်စေသည်။

(၄) စောင့်ကြည့်စစ်ဆေးခြင်းနှင့် ထိန်းချုပ်ခြင်း

ဘဏ်အနေဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန် Internal Control System ကိုလည်း သေချာ ဆောင်ရွက် သည်။

- Audit and Inspection ဌာနသည် Audit Committee အောက်တွင်ရှိပြီး လုပ်ငန်းဆောင်လုပ်ဆောင်မှု၊ Data များ ၏ အခြေအနေများသည် ဘဏ်မှတာဝန်ရှိသူများမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိမရှိနှင့် အရည်အချင်းပြည့်မှီမှုရှိမရှိတို့ကို စောင့်ကြည့်စစ်ဆေးသည်။ ဘဏ်အနေဖြင့် စောင့်ကြည့်စစ်ဆေးခြင်းဖြင့် Risk Management Committee ကို အထောက်အကူပြုရန်နှင့် ၄င်းကို ဖြစ်ပေါ်လာသောအခြေအနေပေါ်မူတည်၍ ညှိုနှိုင်းနိုင်ရန်အတွက် အကူအညီပေးရန်ဖြစ်သည်။

(၅) လုပ်ငန်းဆိုင်ရာသတ်မှတ်ချက်များ

ဘဏ်၏ ဒါရိုက်တာများ၊ ၀န်ထမ်းများနှင့် ဘဏ်ကိုယ်စားဆောင်ရွက်နေသော အခြားသူအားလုံးအတွက် လုပ်ငန်း သတ်မှတ်ချက်နှင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များသည် အရေးပါသောကြောင့် အောက်ပါတို့ကို သတ်မှတ်ထားသည်။

- မိမိတာဝန်များကို ရိုးရိုးသားသား၊ သိက္ခာရှိရှိ စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်ရန်။ - အခြားသူတစ်ဦး၏ သတင်းအချက်အလက်များ၊ အကျိုးအမြတ်များ၊ ယုံကြည်မှုများနှင့် သတင်းအမှားများကို ကာကွယ် ထိန်းသိမ်းရန်။ - အကျိုးအမြတ်ထိခိုက်စေမည့် အခြေအနေ၊ ဆောင်ရွက်မှုမှန်သမျှကို ကာကွယ်တားဆီးရန်။ - ဗဟုသုတ ကြွယ်ဝသော၊ အမှန်တကယ်တန်ဖိုးထား ဂရုစိုက်သော Professional ကောင်းတစ်ယောက်အနေဖြင့် ဆောင်ရွက်ရန်။

Highlights
© Copyright 1992 - 2012 @ Co-Operative Bank Ltd. All Rights Reserved. www.cbbankmm.com